ဉာဏ်လှိုင်လင်း၊ အေးမြင့်စန်း
နိုင်ငံရေးအရ ပြင်ချင်တဲ့ဆန္ဒရှိရင် အခြေခံဥပဒေပြင်ဆင်ရေးက အလွန်လွယ်ပါတယ်
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ပထမ ငါးနှစ်သက်တမ်း၏ သုံးပုံနှစ်ပုံသို့ ရောက်ချိန်တွင် ပြည်တွင်းငြိမ်း ချမ်းရေး အရှိန်တင်ကြိုးပမ်းလာခြင်းနှင့်
တစ်ချိန်တည်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥ
ယင်းကမ်းလှမ်းချက်၏ ဖြစ်ပေါ်လာနိုင်မည့် ရလဒ်နှင့် မျက်မှောက် နိုင်ငံရေးအခြေအနေများကို နိုင်ငံရေး စာရေးဆရာလည်းဖြစ်၊ ဟောပြောပို့ချသူလည်းဖြစ်၊ အမျိုးသားလွှတ်တော်၊ ဘဏ္ဍာရေးနှင့် ဥပဒေရေးရာ ကော်မရှင်၏ ပညာရှင်အဖွဲ့ဝင်လည်းဖြစ်သူ ဦးကျော်ဝင်းက မည်သို့သုံးသပ်ထားသည် သိရှိနိုင်ရန် မဇိ္ဈမ က တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ကမ်းလှမ်းတဲ့
ဒေါ်အောင်ဆန်းစုကြည်က အစိုးရတပ်နဲ့ လွှတ်တော်ခေါင်းဆောင်တွေနဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးချင် တယ်လို့ ကမ်းလှမ်းလိုက်တာ ကြိုဆိုရမှာ၊ အမှန်ကတော့ ဒါမျိုးက အစောကြီး ကတည်းက ဖြစ်ဖို့ကောင်း တယ်၊ တစ်ဖက်က လက်ခံလား၊ လက်မခံလားဆိုတာ သေချာပြောလို့ မရဘူး။ ကျွန်တော့်အထင်တော့ လက်ခံမယ်ထင်တယ်၊ ကျွန်တော် ထိတွေ့ရသလောက်ဆိုရင် အစိုးရခေါင်းဆောင်တွေရော တပ်ခေါင်း ဆောင်တွေရော လွှတ်တော်က ခေါင်းဆောင်တွေရော အရင်နည်းဟောင်းအတိုင်း သွားလို့မရတော့ဘူး ဆိုတာ ကောင်းကောင်း သဘောပေါက်တယ်။
ဒါကြောင့် ဒုတိယနည်းလမ်းပေါ့။ အပြန်အလှန် စေ့စပ်ညှိနှိုင်းတဲ့နည်းနဲ့ သွားကြမယ်လို့ သမ္မတတောင် ပြောပြီးပြီ၊ ကျန်တဲ့လွှတ်တော်ခေါင်းဆောင်တွေလ
ဆွေးနွေးပွဲဖြစ်ခဲ့မယ်ဆိုရင် ဘယ်လိုရလဒ်မျိုးရမယ်လို့ မျှော်လင့်နိုင်မလဲ။
အရေးကြီးဆုံးတစ်ခုက ကျွန်တော်တို့ဆီမှာ ဒီမိုကရက်တစ်အလေ့အထ ခေါင်းဆောင်တွေကြား မှာရော လူတွေကြားမှာရော နည်းတယ်။ ဒီအချက်တွေကို ထောက်ထားပြီး တစ်နည်းအားဖြင့် မြန်မာပြည်ကို ချက်ချင်းလက်ငင်း ကောင်းအောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တစ်နည်းပြောလို့ရှိရင် ဒီမိုကရေစီစံနဲ့ မကိုက်တာတွေ ခုထိရှိနေသေးတယ်။ ကိုက်အောင်ဆိုတဲ့အထင်နဲ့ ချက်ချင်းလက်ငင်း ပြောင်းရမယ်လို့ ဆွေးနွေးရင်တော့ အဖြေရမှာမဟုတ်ဘူး။ ဒါတွေကို နားလည်မှုရှိရှိနဲ့ တဖြည်းဖြည်း ပြုပြင်ပြောင်းလဲယူ မယ်ဆိုပြီး ဆွေးနွေးကြရင် အဖြေရနိုင်တယ်။ ဘာတွေ သူတောင်းဆိုမလဲ၊ ဘာတွေ ဆွေးနွေးမလဲ ကျွန် တော်တို့ မသိဘူး။
အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဆိုတဲ့ခေါင်
အခြေခံဥပဒေက ပြုပြင်ပြောင်းလဲမှရမယ်ဆိုတဲ့ မူကို ဒီနေ့လွှတ်တော်ရော၊ အစိုးရရော တပ်မတော် က ခေါင်းဆောင်တွေရော ယေဘုယျ သဘောတူပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ဒါကို ပြောတာပဲ။အသစ်ရေးတာကသာ နည်းနည်းပြဿနာရှိနိုင်တာ ပြင်ရေးဆိုတဲ့အခြေခံအပေါ်မှာ ကွဲလွဲစရာအကြောင်း မရှိပါဘူး။ ဘာတွေပြင်ရမလဲဆိုတော့ အခြေခံဥပဒေတစ်ခုက Perfect (ပြည့်စုံမှု)ကတော့ မဖြစ်တာသေချာတယ်။ အလုပ်လုပ်ကြည့်လို့ အလုပ်ကိုအဟန့်အတားဖြစ်စေတဲ့ ကိစ္စမျိုးတွေရှိခဲ့ရင်တော့ မလွဲမရှောင် သာ ပြင်ကို ပြင်ရမယ်၊ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ အခု ဒီနေ့သွားနေတဲ့ အပြောင်းအလဲက သုံးခု၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုရယ်၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုရယ်၊ ပြည်တွင်းငြိမ်းချမ်းရေးရယ်၊ အဲဒီထဲမှာ အရေး အကြီးဆုံးက ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ကိစ္စလို့ မြင်တယ်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အဟန့်အတားဖြစ်နေတဲ့ ပြဋ္ဌာန်းချက်ကို ပြင်နိုင်မယ်လို့ ထင်ပါသလား။
အစကပြောရရင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ချခဲ့တာ။ ၁၉၄၇၊ ၁၉၇၄ အခြေခံဥပဒေနဲ့ ၁၉၉၀ ပြည့် နှစ်ရွေးကောက်ပွဲတွေမှာ သမ္မတတင်မကပါဘူး။ လွှတ်တော်အမတ်အရည်အချင်းမှာ သူကိုယ်တိုင်သော် လည်းကောင်း၊ သူ့ရဲ့မိဘသော်လည်းကောင်း၊ သူ့ရဲ့ အိမ်ထောင်ဖက်သော်လည်းကောင်း နိုင်ငံခြား အ ထောက်အပံ့နဲ့ ကင်းရမယ်လို့ ပါတယ်။ သို့သော်၂၀၁၀ ပြည့်နှစ်၊ ရွေးကောက်ပွဲကျတော့ ထူးခြားလာတာ တစ်ခုရှိတယ်။ အဲဒါက လွှတ်တော်အမတ်ရဲ့ အရည်အချင်းတော့ မဟုတ်ဘူး။ ဒု-သမ္မတ အရည်အချင်း ပေါ့။ သမ္မတကလည်း သူကတစ်ဆင့် သွားရတာပေါ့။ အဲဒီထဲမှာ တစ်ခုပိုလာတယ်။ ဟိုတုန်းက မိဘ၊ ကိုယ်တိုင်နဲ့ အိမ်ထောင်ဖက်ပဲ၊ အခု သားသမီးပါ ပါလာတယ်။ အဲဒါကြီးကတော့ မပြေးသော် ကန်ရာရှိ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်အောင် ကန့်ထားတဲ့သဘော သက်ရောက်နေ တယ်။ ဖြစ်များဖြစ် နိုင်ခဲ့ရင်တော့ အဲဒီကိစ္စက ပြင်ပေးနိုင်ရင် ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ် မျှတမှု ပိုဖြစ်နိုင်မယ်။ ဒါက တော့ ကျွန်တော်တစ်ဦးချင်းဆန္ဒပါ။ ဒီကိစ္စကို ပြင်မပေးသင့်ဘူးဆိုတဲ့ အခိုင်အမာ အယူအဆတွေလည်း ရှိနိုင်ပါတယ်။
အခုလို တွေ့ဆုံပွဲမျိုးမှာ ဆရာသာ ဆွေးနွေးမယ်ဆိုရင် ဘယ်လိုအခြေခံတွေနဲ့ ဆွေးနွေးမှာလဲ။
ပထမ မဖြစ်မနေ ပြင်ကိုပြင်ရမယ့်ကိစ္စက လူမျိုးစုကိစ္စ၊ ဒုတိယကိစ္စက ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး၊ မဖြစ်ရေး ပြေလည်စေချင်တယ်၊ နှစ်ဖက် ညှိကြစေချင်တယ်။ တစ်ကယ်လို့ အကြောင်းကြောင်း ကြောင့် အဖြေမရရင်လည်း နှစ်ဖက်သဘောထားကြီးကြစေချင်တယ်။
လက်ရှိအခြေခံဥပဒေက ပြင်ရအခက်ဆုံး ဥပဒေတစ်ခုဖြစ်တယ်။ ဒါကြောင့်မို့ အသစ်ပြန်ရေးခြင်း ကသာ လက်တွေ့ကျမယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ ဆရာရော ဘယ်လိုထင်ပါသလဲ။
ပြင်လို့မလွယ်ဘူးဆိုတာ ဥပဒေကြောင်းအရ ကြည့်ရင်တော့ မှန်ပါတယ်။ နိုင်ငံရေးအရ ပြင်ချင်တဲ့ ဆန္ဒရှိ ရင် အခြေခံဥပဒေပြင်ဆင်ရေးက အလွန်လွယ်ပါတယ်။ အရေးကြီးတာက စိတ်ဆန္ဒပါပဲ၊ ပြင်ချင်တဲ့ စိတ် ဆန္ဒရှိတယ်ဆိုရင် မဖြစ်နိုင်စရာမရှိဘူး။
ဒေါ်အောင်ဆန်းစုကြည်က အာဏာအရပ်ရပ်ကို ကိုင်ထားတဲ့ တာဝန်ရှိသူတွေကို ပြင်ချင်စိတ် တ ကယ်ရှိမရှိ အကဲစမ်းတာမျိုးများ ဖြစ်နိုင်မလား။
ဖြစ်နိုင်တာပေါ့။ လောလောဆယ် Current ဖြစ်နေတဲ့ကိစ္စကိုး။ အခြေခံဥပဒေပြင်ဆင်ရေးကို အာဏာရ ပြည်ခိုင်ဖြိုးပါတီက စလာတော့ လူထုတစ်ရပ်လုံးလည်း စိတ်ဝင်စားလာတယ်။ ပြင်ရေးလား၊ အသစ်ရေး ဆွဲရေးလား။ အပြင်က အင်အားစုတွေက အသစ်ရေးရေးဆိုတာ လုပ်တော့ ဒီဘက်က နိုင်ငံရေးအင်အား စုအတော်များများကလည်း ထောက်ခံတယ်။ အခုနောက်ပိုင်းတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
Mizzima - News in Burmese Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်
No comments:
Post a Comment